ညကနှစ်ယောက်လုံး မူးပြီးအိပ်ပျော်သွားကြတယ်။နိုးလာတော့ ခေါင်းထဲ ဂျူးဂျူးပုံရိပ်တွေပေါ်လာတယ်။
မှားပြီငါတော့ ဂျူးဂျူးရှိရဲ့သားနဲ့ စိတ်မထိန်းနိုင်ဖြစ်သွားပြီ။
ဂျူးဂျူးကိုဘယ်လိုမျက်နှာပြရမှန်းတောင်မသိတော့ဘူး။
ပြီးတော့ ကေသီ့ကိုလဲ အားနာမိတယ်။အခုတော့ မွေ့ယာလေးပေါ်မှာ ကေသီ့ခင်မျာ အိပ်ပျော်နေရှာတယ်။
“ကေသီ ကေသီရေ ထတော့လေ ကျောင်းသွားဖို့ရှိတယ်မလား”
“အာ...ဟုတ်သားပဲ ညကမူးပြီးတော်တော်အိပ်ပျော်သွားတယ်”
“ရေချိုးခန်းထဲဝင်ပီး ရေချိုးလိုက်နော် ကျွန်တော် မနက်စာ ပြင်ပေးထားမယ်”
“ဟုတ်ပါပီရှင်”ဆိုကာ ရေချိုးခန်းထဲတွင် ရေချိူးနေစဉ် ကေသီ့အတွက် မနက်စာပြင်ဆင်ပေးရင်း ဘယ်လိုတောင်းပန်ရမလဲ စဉ်းစားနေမိသည်။
ကေသီလဲရေချိုးသန့်စင်ပြီး ထမင်းစားခန်းသို့ထွက်လာစဉ် ကိုသူရက ထမင်းဝိုင်းမှာ မုန့်ဟင်းခါးနဲ့ အကြော်စုံကို ပြင်ဆင်ထားပေးတယ်။ရင်ထဲမှာအရမ်းကြည်နူးမိပေမယ့် ဒါတွေဟာ ခဏတာပဲဆိုတာ ကေသီနောက်တော့ သိလိုက်ရတယ်။
“ကိုသူရက ကေသီ့အကြိုက်တွေကို သိသားပဲနော်”
“ကေသီမနက်ဆိုကျောင်းမှာ စားနေတာတွေ့လို့ ပြင်ဆင်ထားပေးတာပါ”
“အို....သတိထားမိနေတာလား ဟီး”
“ကေသီ”
“ရှင်”
“ညက ကိစ္စအတွက် ကျွန်တော်တောင်းပန်ပါတယ်”
“.....”
“ကျွန်တော်အမှားကြီးတစ်ခုကို ကျူးလွန်လိုက်မိတယ်”
“......”
“ပြီးတော့ ကျွန်တော့်မှာလဲ ရည်ရွယ်ထားသူရှိတော့ ကျွန်တော့်အမှားတွက် အရမ်းရှက်မိတယ်”
“အင်းးး ရည်ရွယ်ထားသူဆိုတာက...”
“မသင့်တော်မှန်းသိပေမယ့် ကျွန်တော်နဲ့ဂျူးဂျူးနဲ့ ချစ်သူတွေဖြစ်နေကြတာပါ”
“အင်းး နည်းနည်းတော့ရိပ်မိပါတယ်....”
“ဂျူးဂျူးကို အားကျပါတယ် ဆရာ့ရဲ့အချစ်တွေကို ရခဲ့လို့။
ကေသီလေ ဆရာ့ကိုအရမ်းချစ်မိနေတာ။ဒါပေမယ့် ဆရာက ဂျူးဂျူးကို ရွေးချယ်တယ်ဆိုတော့လဲ ကေသီ ဘာတတ်နိုင်မှာလဲဆရာရယ်။
ပြီးတော့ အမှားကြီးတစ်ခုလို့ မတွေးပါနဲ့။
ကေသီပျော်ရွှင်ခဲ့ရပါတယ်”
“တောင်းပန်ပါတယ် ကေသီရယ်”
“ထားလိုက်ပါတော့ ဆရာရယ် ကေသီလေ ဆရာပျော်နေတာကို အဝေးတစ်နေရာက ကြည့်နေခွင့်ရရင်ပဲ ပျော်ပါပြီ။
ညက ကိစ္စတွေကို ကေသီတို့ ဒီမှာပဲ မေ့လိုက်ကြရအောင်နော် ဟင်”ဟုဆိုကာ မျက်ရည်တွေကျလာမိတယ်။
ချစ်တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတာ အရမ်းနာကျင်ရပေမယ့် သူပျော်ရွှင်မယ်ဆိုရင် ကျေကျေနပ်နပ်ကြီး နာကျင်ခံလိုက်ပါမယ်။
“မငိုပါနဲ့ ကေသီရယ်နော်”ဟုဆိုကာ ကေသီ့ကိုယ်လူံးကို ရင်ခွင်ထဲထည့်ပီး ဖက်ထားပေးလိုက်တယ်။ထို့နောက် ကေသီပါးလေးကို တစ်ချက်အနမ်းပေးကာ တောင်းပန်ပြီး ကေသီ့အိမ်ကိုပြန်ပို့ပေးလိုက်သည်။
အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး ကေသီ့က ကျွန်တော့်လက်မောင်းကို တငိးကြပ်စွာ ဆုပ်ကိုင်ပီးမှီပြီး လိုက်ပါလာခဲ့တယ်။
အိမ်ရှေ့သို့အရောက်တွင်
“ဆရာ့ကို ကေသီချစ်တယ် မဖြစ်နိုင်ပေမယ့် ကေသီစောင့်နေပါ့မယ်နော် ”ဟုဆိုကာ ပါးလေးကိုနမ်းရင်း အိမ်ထဲသို့ဝင်ပြေးသွားတော့သည်။
ကေသီ့ကိုတောင်းပန်လိုက်ပေမယ့် ရင်ထဲမှာတော့ လုံးဝမကောင်း။
ကျန်သေးသည်က ဂျူးဂျူး။ဂျူးဂျူးကို လက်ထပ်ဖို့အထိရည်ရွယ်ထားခဲ့တာ။အခုတော့ ရင်ထဲမှာ နောင်တကြီးစွာရနေမိပြီ။
ဂျူဂျူးသာသိသွားရင် အလွန်မုန်းတီးနေမှာပဲ။
အိမ်သို့ပြန်လာပြီး ရေပန်းအောက်တွင် အတန်ကြာ ထိုင်နေပြီး ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားနေမိတယ်။ထို့နောက် အဝတ်စားလဲကာ ဂျူဂျူးအိမ်သို့ ထွက်လာခဲ့သည်။
“အယ်...ဆရာပါလား ကြွပါရှင့် ဆရာ့တပည့်ကတော့ အိပ်နေတာ အခုထိ မနိုးသေးဘူး စာမေးပွဲလဲဖြေထားတာ မကြာသေးတော့ ကျွန်မလဲ ခဏလွှတ်ပေးထားမိတာ။
ဆရာ့တပည့်ကို ဆရာတက်နိုးလိုက်လေ ဆရာ”
“ဟုတ်ကဲ့ပါ အန်တီ။
မနက်စာလဲဝယ်လာတာဆိုတော့ ဂျူးဂျူးကိုနိုးပြီး ကျွေးလိုက်ပါ့မယ်”ဟုဆိုကာ ဂျူးဂျူးအခန်းထဲသို့ဝင်လာခဲ့သည်။
အိမ်ယာပေါ်တွင် စောင်လေးခြုံအိပ်နေသော ဂျူးဂျူးမှာ လုံးဝအပြစ်ကင်းစင်နေသည်။
စတွေ့တုန်းက အချိန်တွင် ဂျူဂျူးက ဆိုးပေမယ့် ကျွန်တော်နဲ့တွေ့ပီးနောက်ပိုင်း သိသိသာသာ လိမ်မာလာတာကို သတိထားမိတယ်။
ကျွန်တော့် အတွက် ပြောင်းလဲလာပေးသလောက် ကျွန်တော်ကတော့ အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့တယ်။ဂျူဂျူးခေါင်းလေးကိုပွတ်ကာ မျက်ရည်တွေအလိုလိုစီးကြလာတယ်။
“ဟင်းးး အာ...ကိုကို ဘယ်လိုရောက်လာတာလဲ အယ် မျက်ရည်တွေ ဘာလို့ငိုနေတာလဲ ကိုကိုရဲ့”
“ဂျူးရယ် ကိုလေ ဂျူးကိုအရမ်းချစ်တာပဲကွာ”ဟုဆိုကာ ဂျူးဂျူးကိုတင်းကြပ်စွာ ထွေးပွေ့ပြီး ဖက်ထားလိုက်မိတယ်။
“ဂျူးလဲ ကိုကို့ကိုအရမ်းချစ်ပါတယ် ကိုရဲ့ အခုဘာအဆင်မပြေတာရှိလို့လဲ ဂျူးကိုပြောလေ ဘာလဲမုန့်ဝယ်ကျွေးရမှာကြောင့် ငိုနေတာလား ဟီး”
“မဟုတ်ရပါဘူးကွာ ဂျူးကိုမဆုံးရှုံးချင်လို့ပါ”
“အို ကိုရယ် ဂျူးကို ကိုကိုဘယ်တော့မှ မဆုံးရှုံးရပါဘူးနော်”
စိတ်ထဲတွင် ကေသီ့အကြောင်းကိုပြောချင်ပေမယ့် ဒီစကားတွေကြောင့် ဂျူဂျူးမုန်းသွားမှာကိုတော့ မခံစားနိုင်ပေ။
“ထတော့နော် ဂျူး ရေချိုးပြီး အောက်ဆင်းခဲ့နော် ကိုကို မနက်စာပါ တခါထဲဝယ်လာတယ် အောက်မှာ ပြင်ထားပြီးစောင့်နေမယ်”
“ဟုတ်ကဲ့ပါရှင့် အာဘွား မွ”ဟုဆိုကာ အနမ်းလေးပေးပြီး ရေချိုးခန်းထဲဝင်သွားတော့သည်။
“ဆရာရယ် အားနာစရာကြီး မနက်စာတွေတောင် ဝယ်လာသေးတယ်”
“ဂျူးဂျူးက မနက်စာဆို တော်တော်နဲ့မစားတာကြောင့် သူစားချင်တာလေးတွေ ဝယ်လာပေးတာပါ”
“ဒီကလေးမကတော့ ဆရာ့အိမ်မှာ ဘယ်လောက်ဗိုလ်ကျထားလဲ မသိဘူး တကယ်ပါပဲ”
“သူကအတွက် ရှမ်းခေါက်ဆွဲနဲ့ လက်ဖက်ရည်ဝယ်လာတာ ပုံမှန်ဆို အအေးဝယ်လာပေးမလို့ဘဲ ရှမ်းခေါက်ဆွဲနဲ့ အအေးမလိုက်မှာဆိုးလို့ပါ”
“ဆရာကတော့လေ သူ့တပည့်ကိုတော်တော် ဂရုစိုက်တာပဲနော်”
“ဟင်းဟင်း ဂျူဂျူးအကြောင်းဘာတွေများ ဆရာ့ကို ဖောက်သည်ချနေကြတာလဲ”
“အသက်ရှည်ပါအုံး သူ့အကြောင်းပြောတုန်း ရောက်ချလာပြီ ဒီမှာ ဆရာက သမီးအတွက် မနက်စာဝယ်ပီး သူကိုယ်တိုင် ပြင်ပေးထားတာ လာပြီး သူံးဆောင်လိုက်ပါအုံး သခင်မလေး”
“အာ မေမေကလဲ ဆရာ့ရှေ့ကြီးမှာ ငရဲတွေတော့ ကြီးကုန်တော့မှာပါပဲ”
“သမီးအတွက် ဆရာ ရှမ်းခေါက်ဆွဲဝယ်လာပေးတာ။
အန်တီ ဂျူဂျူးစားပီးရင်တော့ ကျွန်တော်ပဲ ကျောင်းကို တခါထဲခေါ်သွားလိုက်မယ်နော်”
“ဟုတ်ကဲ့ပါ ဆရာရယ် သမီးလေးကိုစောင့်ရှောက်ပေးပါအုံးနော်”
“စိတ်ချပါ အန်တီ ကျွန်တော်အမြဲစောင့်ရှောက်မှာပါ”
“ဆရာကလဲ ရှမ်းခေါက်ဆွဲနဲ့ လက်ဖက်ရည်ကြီး ဟွင်း”
“အခုတော့ စားလိုက်ပါကွာ မနက်ဖြန်ကျောင်းပိတ်တော့ တနေ့လူံးစားချင်တာ လိုက်ကျွေးမှာပါ”
“ဟီး အဲ့ဒါကြောင့် ကို..အယ် ဆရာ့ကိုချစ်တာ"
တော်သေးသည် မေမေ့ရှေ့မှာမေ့ပြီး ကိုကိုလဲ ခေါ်မိတော့မလို့။
မေမေကတော့ အမှုမဲ့အမှတ်မဲ့မို့ မကြားလို့တော်ပါသေးတယ်။ဂျူဂျူးတို့နှစ်ယောက် စားသောက်ပီးတာနဲ့ ကားလေးနဲ့ထွက်လာခဲ့သည်။
“ကိုကို ဘယ်တွေမောင်းနေတာလဲ ဒါကျောင်းသွားမယ့် လမ်းမဟုတ်ဘူးလေ”
“သိပါတယ် ဂျူးရဲ့ ဂျူးမနက်စာ စားတာနည်းတာကြောင့် ကိုကထပ်ပီး လိုက်ကျွေးမလို့ပါ ရှေ့ကဆိုင်မှာ Din Sanနဲ့ဖက်ထုပ်ကြော်ရတယ်”
“အာ ကိုကိုကတော့လေ တကယ်ပါပဲ လူကိုအရမ်းချစ်အောင် ဂရုစိုက်ပြနေတာပဲ ”
Tea for youဆိုတဲ့ဆိုင်လေးမှာ ဂျူးဂျူးကို နောက်ထပ်မနက်စာ လိုက်ကျွေးရင်း စိတ်ထဲမှာတော့ အမှားကြီးတစ်ခုကို မချေဖျက်နိုင်သေးဘူး။
ဂျူးဂျူးကတော့ သူစားချင်တဲ့ မနက်စာကြောင့် ကလေးတစ်ယောက်လိုပဲ ပျော်ရွှင်စွာစားနေတယ်။
ကျောင်းဝတ်စုံတွေကြောင့် စကားထိန်းပြောနေရတာတော့ မလွတ်လပ်ပေ။
Btw ဂျူးဂျူးနဲ့ ကျွန်တော်က အသက်7နှစ်လောက်ကွာတယ်။
အသက်ရွယ်ကြောင့်ကော ချစ်တဲ့ အချစ်စိတ်ကြောင့်ကော ဂျူဂျူးကို အရမ်းဂရုစိုက်ပေးမိနေတာပေါ့။
မနက်စာစားပြီး ပြန်အထွက် ကားပေါ်တွင်-
“ဂျူး”
“ရှင်”
“ကိုကိုတို့ ကျောင်းပြီးရင် စေ့စပ်ထားကြရအောင် ပြီးရင် uniပြီးတဲ့အခါကျ လက်ထပ်ကြမယ်နော်"
“ကိုကိုရယ် ချက်ချင်းကြီးဘာစိတ်ကူးတွေပေါက်နေတာလဲ"
“ဖြစ်နိုင်ရင် အခုထဲကလက်ထပ်ချင်တာပါ ဂျူဂျူးလွတ်လွတ်လပ်လပ် မနေရဘူးဖြစ်မှာဆိုးလို့ ကိုက Uniပြီးတဲ့အခါ လက်ထပ်ဖို့ပြောတာ”
“ဂျူးလဲ အခုထဲက ကိုကိုနဲ့အမြဲအတူနေချင်တာပါနော် ကိုကိုပြောတာကို ဂျူးနားလည်ပါတယ် Uniပြီးတဲ့အခါကျ လက်ထပ်ကြမယ်နော် ကလေးဆိုးလေးကို များများအလိုလိုက်ရမှာနော် ဟီး”
“အလိုလိုက်ရမှာ ကိုကို့ချစ်မိန်းမကို မွ”
“အာ...တကယ်ပါပဲ မိန်းမတဲ့ ရှက်လိုက်တာ ဟီး"
ကျောင်းဝင်ပေါက် အရောက်တွင် အနမ်းလေးတွေ ဖလှယ်ကြရင်း ကားပေါ်ကဆင်းကာ ဂျူဂျူးလဲ စာသင်ခန်းထဲဝင်သွားခဲ့သည်။
ထမင်းစားဆင်းချိန်တွင် ကိုကို့နားနေခန်းမှာ ထမင်းစားဖို့ခေါ်ထားသေးသည်။
ကျောင်းအုပ်ကြီးရုံးခန်းသို့ ကျောင်းရောက်ရှိကြောင်း လက်မှတ်ထိုးဖို့သွားတော့ အခန်းထဲအရောက်တွင်-
“ကောင်လေးတစ်ယောက်တော့ လွမ်းနေရတော့မယ်နဲ့တူတယ်”ဟုဆိုကာအားလုံးဝိုင်းစကြသည်။
“ဆရာတို့ ဘာတွေဖြစ်နေလို့လဲဗျ”
“ဆရာသူရ အခုမှရောက်လို့မသိသေးတာဖြစ်မယ်”
“ကေသီက ရာထူးတိုးဖြေတော့မှာလေ အလယ်တန်းကျောင်းမှာ ကျောင်းအုပ်အဖြစ် ရာထူးတိုးဖြေတော့မလို့တဲ့”
“ဟုတ်တယ် ဆရာရေ ဒါကြောင့်ဆရာကိုစနေကြတာပါ”
“အော်” ကေသီရယ် ကျွန်တော့်ကိုရှောင်ထွက်သွားတော့မယ်ပေါ့။တောင်းပန်ပါတယ် ကေသီရယ်။
ကျွန်တော့်ကြောင့် ကေသီအခက်တွေ့နေတော့မှာပဲ။
“ဒါနဲ့ ကေသီ့ကိုမတွေ့မိပါလား”
“ဟုတ်တယ် ဆရာ့နားခန်းထဲမှာစောင့်နေတယ်လို့ ပြောပေးဖို့ မှာသွားတယ်။
အလွမ်းသယ်ဖို့နဲ့တူပါတယ် ဟားဟား”ဆိုပြီး ဝိုင်းစနေကြတော့တယ်။ဆရာ ဆရာမတွေအားလုံးက မိသားစုလိုနေကြတာကြောင့် ပျော်ပျော်ရွှင်ရွှင်စနောက်နေကြတာပေါ့။
ကျွန်တော်လဲ လက်မှတ်ထိုးကာ နားခန်းထဲသို့ ဝင်သွားလိုက်သည်။ထိုအချိန် မျက်နှာချင်းဆိုင် အဆောင်က ဂျူးဂျူးက လက်လေးဝှေ့ရမ်းကာ နှုတ်ဆက်နေသည်။
ကျွန်တော်လဲ ခေါင်းလေးပြန်ငြိမ့်ပြကာ အနောက်ဘက် နားနေခန်းထဲဝင်လာခဲ့တယ်။အခန်းထဲအရောက်တွင်
“ကေသီ....”
“ဆရာ ကေသီလေ ဆရာ့ကိုမုန်းလို့ ရှောင်ထွက်သွားတာ မဟုတ်ပါဘူးနော် စိတ်မကောင်းမဖြစ်ပါနဲ့နော် ကေသီလေ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို တခြားသူနဲ့ပျော်နေတာကို မြင်ရဖို့ ခွန်အားမရှိလို့ အခုလို့ထွက်သွားရတာပါ”
“တောင်းပန်ပါတယ် ကေသီရယ် ကျွန်တော့်ကြောင့် အတော်စိတ်ပင်ပန်းခဲ့ရမှာပဲ”
“ကေသီလေ ဆရာ့ကို အမြဲချစ်ပြီး အမြဲသတိရနေမှာပါ ကေသီ့မှာ ဆရာ့ဖုန်းနံပါတ်ကော tgကော ရှိနေတော့ အရမ်းလွမ်းတာအခါ စကားလာပြောမယ်နော် ဒါလေးတော့ ကေသီ့ကိုခွင့်ပြုပါနော်”
“ရပါတယ် ကေသီရယ် ကျွန်တော့်မျှော်နေပါ့မယ်”ဟုဆိုကာ ကေသီ့ကို တင်းကြပ်စွာ ဖက်ထားပေးရင်း ခေါင်းလေးကိုပွတ်ပေးနေမိတယ်။
“ဆရာ့ကို ကေသီအရမ်းချစ်တယ်နော်။
စာသင်ချိန် စတော့မှာမိုလို့ ကေသီသွားမယ်နော်”ဟုဆိုကာ ကျွန်တော့်ပါးလေးကို နောက်ဆုံးအနေနဲ့ နမ်းကာ အပြီးတိုင်နှုတ်ဆက်သွားတော့သည်။
(P-9ကတော့ ဒီမှာတင် ပြီးပါပြီခင်ဗျ။
နောက်ပိုင်းတွေမှာ ဆရာနဲ့ဂျူးဂျူးရဲ့ romance ဆန်ဆန်အချစ်ဇာတ်လမ်းတွေရှိသေးတာကြောင့် ဖတ်ရှုအားပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
ကေသီပါလာတာကို မကြိုက်တဲ့သူတွေကို အားနာစွာဖြင့် တောင်းပန်ပါတယ်ဗျ။
အခုpartကတော့ normal လေးဖြစ်တာကြောင့် အမှောင်ကြိုက်တဲ့သူတွေကတော့ မနက်ဖြန်ထိစောင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်)
(P-10မှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့ပါ့မယ်ခင်ဗျ။
ဖတ်ရှုစောင့်ဆိုင်းပေးတဲ့ readerတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ဒီstoryလေးက ပြီးတော့မှာဆိုတော့ နောက်ရေးစေချင်တဲ့ storyပုံစံလေးတွေရှိရင်လဲ comment မှာ အကြံပေးနိုင်ပါတယ်။
love you guys!)