Back to နာနတ်သီးက မအင်္ဂါ အနံ့ကောင်းစေသလား

Part 1 · 4 min read · 55 views

နာနတ်သီးက မအင်္ဂါ အနံ့ကောင်းစေသလား

by @cms_2026

547 words

နာနတ်သီးနဲ့ အမျိုးသမီးများရဲ့ လိင်အင်္ဂါအနံ့ ယုံတမ်းစကားလား၊ စမ်းသပ်ကြရအောင်ပါ။
နာနတ်သီးစားရင် အမျိုးသမီးရဲ့ လိင်အင်္ဂါအနံ့ ပိုမိုလတ်ဆတ်ပြီး သဘာဝအတိုင်း သန့်ရှင်းနေနိုင်တယ်လို့ အချို့က ဆိုကြပါတယ်။
ဒါဟာ နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန် (Bromelain) လို့ခေါ်တဲ့ အင်ဇိုင်းက ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်နဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်လို့ဆိုပါတယ်။
အနံ့ဆိုး သန့်ရှင်းတယ်လို့ဆိုရာမှာ အတွင်းပိုင်းအပြင်ပိုင်းသန့်ရှင်းပြီး ပြင်းထန်အနံ့ မရှိခြင်းကို ဆိုလိုတာပါ။
ဒါ့အပြင် နာနတ်သီးမှာ ရေဓာတ်နဲ့ ဗီတာမင်စီ ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်တွင်းသန့်စင်မှုကို အထောက်အကူဖြစ်စေတယ်လို့ ယုံကြည်ထားကြပါတယ်။
ဒါပေမယ့် ဒီအချက်ကို သိပ္ပံနည်းကျ အပြည့်အစုံ အတည်မပြုရသေးတာကြောင့် နာနတ်သီးစားရုံနဲ့ အနံ့ပျောက်မယ်လို့ အာမမခံနိုင်ပါဘူးလို့ ဆိုပါတယ်။
အမျိုးသမီးတိုင်းရဲ့ ခန္ဓာကိုယ်ဟာ သဘာဝအတိုင်း ကိုယ်ပိုင်အနံ့အနည်းငယ်ရှိပြီး ဒါက ပုံမှန်ပါပဲ။
အနံ့ဆိုးတွေဖြစ်လာရင် (ဥပမာ - ငါးပုပ်နံ့၊ ပြင်းထန်တဲ့အနံ့) ဆိုရင်တော့ ဘက်တီးရီးယားပိုးဝင်တာ၊ ဟော်မုန်းမညီမျှတာတွေဖြစ်နိုင်လို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ဆရာဝန်‌တွေ ညွှန်ကြားတဲ့ အကောင်းဆုံးနည်းလမ်းတွေက -
- ရေများများသောက်ပါ။
- ချွေးနံ့နဲ့ ဘက်တီးရီးယားကို ကာကွယ်ဖို့ ဝတ်ဆင်တဲ့အဝတ်အစားနဲ့ အတွင်းခံတွေကို သန့်ရှင်းအောင်ထားပါ။
Sponsored Advertisement
ဝယ်ယူရန်ပုံကိုနှိပ်ပါ
- pH ညီမျှတဲ့ လိင်အင်္ဂါသန့်စင်ဆေးတွေကိုသာ အသုံးပြုပါ။
- နာနတ်သီးလို သစ်သီးတွေကို မျှတစွာစားပြီး ကျန်းမာရေးနဲ့ညီအောင် ဂရုစိုက်ပါ။
အရေးအကြီးဆုံးက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို သဘာဝအတိုင်းလက်ခံဖို့နဲ့ စိတ်အေးအေးထားဖို့ပါ။
အနံ့ဆိုတာ လုံးဝမရှိမှ ကောင်းတာမဟုတ်ဘဲ ပုံမှန်သဘာဝအနံ့ဟာ ကျန်းမာရေးကောင်းမွန်တဲ့ လက္ခဏာတစ်ခုပါပဲ။
အောက်က Poll Activity တခု လုပ်ကြရအောင်ပါ။
ဆရာမတို့က ဒီနေ့ညနေပိုင်းမှ တစ်ယောက်တည်း နာနတ်သီးတပိုင်းလောက် စားလိုက်ပါ။
မနက်ဖန်ကြရင် ကိုယ်နည်းကိုယ့်ဟန်နဲ့ အနံ့စမ်းသပ် သတိထားကြည့်ပါ။
အနံ့သက်ကောင်းလာရင်တော့ နာနတ်သီးဟာ အမျိုးသမီးလိင်အင်္ဂါအနံ့ဆိုးခြင်းကို သက်သာစေတယ်လို့ ကောက်ချက်ကြတာပေါ့။
- ချိုမြိန်စေ
Discuss (0) All parts

Contact me for ads: @thespace_admin

Ads keep NUTSITE free for everyone.