Back to Hypersexuality နဲ့ ချိုမြိန်စေရဲ့ လိင်မှုရေးရာ သဘောထားများ
Part 1 · 8 min read · 125 views
Hypersexuality နဲ့ ချိုမြိန်စေရဲ့ လိင်မှုရေးရာ သဘောထားများ
by @cms_2026
1395 words
Hypersexuality နဲ့ ချိုမြိန်စေရဲ့ လိင်မှုရေးရာ သဘောထားများ
တစ်ချို့လူတွေမှာ လိင်စိတ်က အရမ်းကို အပြင်းအထန်ဖြစ်နေတတ်တယ်။
ဒါကို Hypersexuality လို့ခေါ်တယ်။
ဒီလိုလူတွေက အချိန်တိုင်း လိင်ကိစ္စအကြောင်းတွေးတောနေတတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းလို့မရအောင် ဖြစ်နေတတ်တယ်။
ချိုမြိန်စေကိုယ်တိုင်လည်း ဒါမျိုးလေး ဖြစ်နေတတ်တယ်။
ဒါပေမယ့် အကြမ်းကြီးတော့ မဟုတ်ဘူး။
ယဉ်ယဉ်လေးနဲ့ Hypersexuality သမားပေါ့။
Hypersexuality ဖြစ်ရင် ဘယ်လိုလက္ခဏာတွေပြတတ်လဲဆိုရင်၊ အချိန်တိုင်း လိင်စိတ်အတွေးတွေ ဝင်နေတယ်၊ စာသင်ခန်းထဲမှာတောင်၊ အိပ်ရာထဲမှာတောင် ဒီအတွေးတွေက ပျောက်မသွားဘူး။
ဘုရားသွား ကျောင်းတက်၊ လူထုအစည်းဝေးပွဲတက်တာတောင်မှာ ဒီစိတ်က မပျောက်ချင်သေးဘူး။
သူငယ်ချင်းတယောက်ဆို ဘုန်းကြီးကျောင်းမှာငါးပါးသီလ ဆောက်တည် ရွတ်ဆိုနေရင်းတန်းလန်း
"ကာမေသုမိစ္ဆာစာရာ ဝေရမဏိ...." အပိုဒ်ရောက်ရင်တောင်၊ လိင်စိတ်က ထောင်းကနဲ ထတာ"
ခေတ်သစ်လူသား Hypersexuality အများစုက လိင်အာသာဖြေမှု အလွန်အကျွံလုပ်မိတာရှိမယ်။
အပြာကားကြည့်တာတွေ၊ Porn Website၊ Sex Group တွေမှာပဲ အချိန်ကုန်တာတွေ၊ တွေ့ရာလူနဲ့ ချိတ်ဆက် လိင်ဆက်ဆံတာတွေ၊ ကိုယ့်ကိုယ်ကိုယ် လိင်စိတ်ကြွအောင် လှုံ့ဆော်တာတွေ မရပ်တန့်နိုင်အောင် လုပ်မိတတ်တယ်။
ဒါတွေက လက်တွေ့ လူမှုဘဝမှာ ပြဿနာတွေဖြစ်လာတတ်တယ်၊ ကျောင်းသူကျောင်းသားတွေဆို စာမေးပွဲကျတယ်၊ သူငယ်ချင်းတွေ မိသားစုနဲ့ ကင်းကွာလာတယ်၊ စိတ်ညစ်ရတာတွေ ရှိမယ်။
လူတွေနဲ့ ဝေးရာဆီ တယောက်တည်း နေချင်တော့တယ်။
လုပ်ငန်းခွင် ဝင်နေသူဆိုလည်း အလုပ်ခွင်မှာ မပျော်တော့တာတွေ၊ အိမ်သာခဏခဏတက်ပြီး ဖုန်းဖွင့် Telegram ဖွင့်ကြည့်တာတွေက ဒီ Hypersexuality လက္ခဏာ ဖြစ်နေတတ်တွေပါပဲ။
Hypersexuality ဘာကြောင့်ဖြစ်ရတာလဲဆိုရင် စိတ်ဖိစီးမှုများလို့ဆိုတဲ့ အကြောင်းပြချက်မှာက – ကျောင်းစာမေးပွဲဖိစီးတာ၊ လုပ်ငန်းခွင် ဖိစီးမှုများတာ၊ အိမ်မှာပြဿနာရှိတာ၊ ချစ်သူနဲ့ အသဲကွဲတာတွေကြောင့် လိင်ကိစ္စကို
"ဖြေဖျော်ရေးနည်းလမ်းအဖြစ်" အသုံးချပြီး အလွန်အကျွံ ကျင့်သုံးမိတတ်တယ်။
ဦးနှောက်ထဲက ဓာတုပစ္စည်းတွေ မညီမျှတဲ့အခါ၊ Dopamine ဆိုတဲ့ သာယာမှုဟော်မုန်းဓါတ် အရမ်းထွက်နေတဲ့အခါ ဒီလိုဖြစ်တတ်တယ်။
ဒါတွေတော့ ချိုမြန်စေတို့ အသေးစိတ် မလေ့လာနိုင်သေးဘူး။
Gym အလွန်အကျွံကစားရင် Dopamine/Testosterone တက်ပြီး လိင်စိတ်ပိုဖြစ်နိုင်တယ်။
ဒါပေမယ့် Hypersexuality အထိဖြစ်ဖို့ အလွန်ရှားပါတယ်လို့ Gym ဆရာတပါး ပြောပြဖူးတယ်။
စိတ်ရောဂါတစ်ခုခုရှိနေတဲ့အခါနဲ့လည်း ဆိုင်နိုင်တယ်။
(ဆရာဝန်တွေ ပိုသိတယ်)
Hypersexuality စိတ်ကို ဘယ်လိုဖြေရှင်းရမလဲ လေ့လာတဲ့အခါမှာ အများစုရဲ့ အကြံပြုချက်တွေက ...
အတွေးတွေ လိင်စိတ်ဘက်မရောက်အောင် တခြားစိတ်ဝင်စားမှု Activities တခုခု လုပ်ခိုင်းဖို့ ဆရာဝန်တွေ ညွှန်ကြားကြတာများတယ်။
ဥပမာ – ဂိမ်းဆော့တာ၊ အားကစားလုပ်တာ၊ ဂီတနားထောင်တာ၊ အနုပညာလုပ်တာတွေနဲ့ အာရုံပြောင်းပါ၊ စတာတွေ တမျိုးမျိုးပေါ့။
လူအများနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရတဲ့ အလုပ်တွေ အများကြီးလုပ်ဖို့၊ အမှောင်ဘက်ခြမ်းကနေ ရုန်းထွက်ကြဖို့ တိုက်တွန်းကြတာရှိတယ်။
မိမိမှာ Hypersexuality စိတ်ရှိတဲ့အကြောင်းကို ကိုယ်ယုံကြည်စိတ်ချရတဲ့သူနဲ့ ဖွင့်ပြောပါဆိုပြီး အကြံပြုထားတာလေး ရှိတယ်။
ရှက်စရာတော့ ကောင်းမှာပါ။
သူများကို ပြောပြမိလို့ မိမိမှာလည်း မလုံမလွယ် ဖြစ်သွားမှာတော့ သေချာပါတယ်။
ဒါပေမယ့် အတိုင်ပင်ဖော်ကောင်းရင် စိတ်ထဲလွတ်လပ်ပေါ့ပါးပြီး ရောဂါသက်သာစေနိုင်ပါတယ်။။
မိဘ၊ ဆရာမ၊ ကျန်းမာရေးဝန်ထမ်း (သို့) စိတ်ကျန်းမာရေး ပညာရှင်တစ်ယောက်ယောက်နဲ့ တိုင်ပင်ရင်လည်း အဆင်ပြေလောက်မှာပါ။
ခရစ်ယာန် အသိုင်းအဝိုင်းမှာတော့ ဘုန်းတော်ကြီးတွေဆီမှာ ခံဝန်ထွက်ဆိုတာတွေ လုပ်တဲ့ဟာရှိတယ်။
ဗုဒ္ဓဘာသာကျောင်းတွေမှာ လူစုလူဝေးများသော ဝန်းကျင်မှာ ဝိပတ်သနာတရားထိုင်တာတွေလည်း လုပ်လို့ရတယ်။
နောက်ဆုံးကတော့ ဆေးကုသမှုခံယူရပါမယ်။
တကယ်လို့ ကိုယ့်ဘာသာ မထိန်းနိုင်တော့ဘူးဆိုရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူနိုင်တယ်။
လိင်စိတ်ရှိတာက ပုံမှန်ပါ၊ ဒါပေမယ့် ဒါက ကိုယ့်ဘဝကို ထိခိုက်နေစေပြီဆိုရင်၊ ဒါဟာ ပြဿနာတစ်ခုဖြစ်နေပါပြီ။
တစ်ယောက်ထဲ ကြိတ်ရမ်းရုန်းကန်နေစရာမလိုဘူး၊ အကူအညီတောင်းဖို့ မရှက်ပါနဲ့။
Hypersexuality ဖြစ်ခြင်း အခြေအနေက ကုသလို့ရတယ်။
ချိုမြိန်စေတို့က Hypersexuality စာရင်းထဲ သိပ်မပါချင်သေးဘူး။
Hypersexuality ဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း လိုပါသေးတယ်။
ထိန်းနိုင်သိမ်းနိုင်သေးတဲ့ အခြေအနေထဲမှာ ရှိနေပါသေးတယ်။
ယခုလို လိင်မှုအကြောင်းစာတွေ လေ့လာရင်း ရေးသားနေရတာက အကြောင်းတခုရှိပါတယ်။
ကျန်းမာရေး ယိမ်းယိုင်လုနီးပါး၊ ပန်းသေလုနီးပါး အရက်ဘီယာ သုံးစွဲထားလေတော့ လိင်စိတ်ပြန်လည် ကျန်းမာရေး ရရှိလိုကြောင်းလည်း ပါမှာပေါ့။
ရှက်ကီ ချတဲ့ဘဲကြီးအဖြစ်ကနေ စကီလိုက်တဲ့ဘဲကြီးအဖြစ် အသွင်းပြောင်းပြီး ခေတ်သစ် လိင်မှုရေးရာကျန်းမာရေး ဗဟုသုတရှိသူတဦး ဖြစ်ချင်ပါသေးတယ်။
(အမှန်ကန် ဝန်ခံတာဟာ တရားမျှတခြင်းပါပဲမဟုတ်လား ကိုယ့်ဆရာတို့ရေ)။
နောက်ဆုံးဦးတည်ချက်ကတော့ လိင်မှုရေးရာအကြောင်း မှတ်တမ်းစာအုပ်တအုပ် ပြုစုချင်နေတာလည်း ပါမှာပါ။
(ပုံနှိပ်ထုတ်နိုင်ဖို့က အတော်လေး ချင့်ချိန်နေရပါအုံးမယ်)
လူပျို ကျောင်းသားငယ်ဘဝ လူပျိုတုန်းက ဖွန်ကြောင်ရမှာ ရှက်ရမ်းခဲ့လေသမျှ၊ ကြီးမှမိုက်တဲ့ ဖွန်ကြောင်လူအို ဖြစ်သွားမှာလည်း စိုးရိမ်မိပါတယ်။
ချိုမြိန်စေတို့က နှာထလွန်းသော Hypersexuality သမားတဦးတော့ မဟုတ်ပါ။
အသိ သတိ မေတ္တာတရားဖက်တွယ်ပြီး လိင်မှုရေးရာ လေ့လာသူ တဦးသာ ဖြစ်ပါတယ်။
- ချိုမြိန်စေ