Back to နင်ဖိုးမနီးညက် တွေကို နားလည်ပေးကြပါ

Part 1 · 9 min read · 253 views

နင်ဖိုးမနီးညက် တွေကို နားလည်ပေးကြပါ

by @cms_2026

1445 words

နင်ဖိုးမနီးညက် တွေကို နားလည်ပေးကြပါ
ကိုယ့်ဆရာတို့ ဒီခေါင်းစဉ်ကိုကြည့်ပြီး စိတ်ဝင်စားသွားတယ် မဟုတ်လား။
မြန်မာလိုရေးထားတဲ့
"နင်ဖိုးမနီးညက်" ဆိုတာက
"Nymphomaniac" ဆိုတဲ့ ဝေါဟာရကို အသံထွက်ရေးပြထားတာပါ။
ဒီဝေါဟာရကို အကြောင်းပြုပြီး ၂၀၁၃ ခုနှစ်မှာ ရုပ်ရှင်တခု ရိုက်ကူးတင်ဆက် ထားတာရှိတယ်။
Nymphomaniac ဆိုတဲ့ဝေါဟာနဲ့ ဆက်စပ်တဲ့ အကြောင်းကို လက်လှမ်းမှီသလောက်ကို စာသဘောအားဖြင့် ချဲ့ထွင်‌ရေးကြည့်ရမယ်ဆိုရင် -
"Nymphomaniac" ဆိုတဲ့ စကားလုံးဟာ ဂရိဒဏ္ဍာရီထဲက ဆင်းသက်လာတာဖြစ်ပြီး
"nymph" (သဘာဝနတ်သမီး) နဲ့
"mania"* (လိင်စိတ်အလွန်အမင်းစွဲလမ်းမှု) တို့ ပေါင်းစပ်ထားတာပါ။
Sponsored Advertisement
ဝယ်ယူရန်ပုံကိုနှိပ်ပါ
အဓိပ္ပာယ်က
"အမျိုးသမီးတစ်ဦးရဲ့ လိင်စိတ်အလွန်အမင်းထက်သန်မှု" ကို ရည်ညွှန်း ပြောဆိုပါတယ်။
အခုခေတ်ဆေးပညာအရဆိုရင် အရင်တုန်းက
"Nymphomania" လို့ခေါ်ပေမယ့် အခုခေတ်မှာတော့
"Hypersexual Disorder" (လိင်စိတ်လွန်ကဲခြင်း) ဆိုပြီး သတ်မှတ်လာကြပါတယ်။
လိင်စိတ်လွန်ကဲတဲ့ ယောက်ျားတွေကိုဆိုရင်
"Satyriasis" လို့ ရှေးခေတ်က ခေါ်ကြတာ။
ဂရိဒဏ္ဍာရီထဲက
"Satyr" ဆိုတဲ့ တောနတ်သား ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတဲ့ အခေါ်အဝေါ်လို့ ဆိုကြပါတယ်။
ရုပ်ရှင်ဒါရိုက်တာ Lars von Trier ရိုက်ကူးတဲ့
Sponsored Advertisement
ဝယ်ယူရန်ပုံကိုနှိပ်ပါ
"Nymphomaniac" (2013) ရုပ်ရှင်ဇာတ်ကားထဲက ဆိုရင် အမျိုးသမီးဇာတ်ဆောင် Joe ဟာ ငယ်စဉ်ကတည်းက လိင်စိတ်လွန်ကဲသူဖြစ်ပြီး သူမရဲ့ဘဝအတွေ့အကြုံတွေကို ပြန်လည်ပြောပြတဲ့ပုံစံနဲ့ ရိုက်ကူးထားပါတယ်။
ဒီဇာတ်ကားဟာ လိင်စိတ်ကို ရှုတ်ချတာမျိုးမဟုတ်ဘဲ၊ လူမှုရေး၊ စိတ်ပညာနဲ့ လွတ်လပ်မှုအကြောင်း မေးခွန်းထုတ်ထားပါတယ်။
ဇာတ်ကားထဲက အမျိုးသမီး Joe ဟာ လိင်ဆက်ဆံဖော်များစွာနဲ့ ဆက်ဆံခဲ့ပေမယ့်၊ နောက်ဆုံးမှာတော့ သူမရဲ့စိတ်ခံစားချက်ကို ကိုယ်တိုင်နားမလည်နိုင်ခဲ့တဲ့ အဆုံးသတ်နဲ့ ဇာတ်သိမ်းထားပါတယ်။
နောက်ပြီး D.H. Lawrence ရဲ့
"Lady Chatterley's Lover" စာပေဝတ္ထုထဲမှာဆိုရင် အမျိုးသမီးဇာတ်ဆောင် Constance Chatterley ဟာ လိင်မှုကို လွတ်လပ်စွာ ရှာဖွေခြင်းအားဖြင့် ဗြိတိန်ဘုရင်မ ဗစ်တိုးရီးယားခေတ်ရဲ့ လိင်ဖိနှိပ်မှုကို ဆန့်ကျင်တဲ့သူ ဖြစ်လာပါတယ်။
ကိုယ်တို့ရဲ့ မြန်မာ့လူမှုအဖွဲ့အစည်းမှာဆိုရင်
"Nymphomaniac" ဆိုတဲ့ လိင်စိတ်လွန်ကဲသူ အမျိုးသမီးတွေ တကယ်ရှိတယ် ဆိုပေမယ့်လည်း ဗိုင်းကောင်းကျောက်ဖိနေနေရပြီး၊ တိုးတိုးတိတ်တိတ် ကြိတ်ပုန်းခုတ်ရပါတယ်။
"Hotwifes" အထန်မယားနဲ့
"nymphomaniac" လိင်စိတ်လွန်ကဲအမျိုးသမီးတို့က သဘောသဘာဝအားဖြင့် ကွဲပြားမှု ရှိနေပါတယ်။
Hotwife ဆိုတာက သဘောတူညီမှုဖြင့် လိင်မှုလွတ်လပ်ခွင့်ယူသူ (အိမ်ထောင်ရေးအတွက် ပျော်ရွှင်မှုရှာဖွေခြင်း) သဘောသက်ရောက်ပြီး၊
Nymphomaniac ဆိုတာက လိင်စိတ်လွန်ကဲမှုကို မထိန်းနိုင်သူအမျိုးသမီး (စိတ်ပိုင်းဆိုင်ရာ/ရောဂါလက္ခဏာ) သဘောမျိုး ဖြစ်ပါတယ်။
Sponsored Advertisement
ဝယ်ယူရန်ပုံကိုနှိပ်ပါ
ဒီနှစ်ခုက လိင်မှုဆိုင်ရာ အပြုအမူတူညီသော်လည်း၊ ရည်ရွယ်ချက်၊ စိတ်နေစိတ်ထားနှင့် လူမှုရေးအမြင်တို့မှာ ကွာခြားမှု ရှိပါတယ်။
အထူးသဖြင့် လိင်စိတ်လွန်ကဲသူတွေကို
"စိတ်မနှံ့သူ"၊
"မိန်းမပျက်" စတဲ့ အပျက်သဘောဆောင်တဲ့ အခေါ်အဝေါ်တွေနဲ့ သတ်မှတ်လေ့ရှိပါတယ်။
ဒါက ကိုယ်တို့အသိုင်းအဝိုင်းရဲ့ အလေ့အထပါ။
ရှေးမြန်မာစာပေထဲမှာဆိုရင် ပါဠိမှဆင်းသက်တဲ့ ဝေါဟာနဲ့ ပေါင်းစပ်လျက်
"ကာမဂုဏ်အာရုံ၌ မွေ့လျော်သူ" ဆိုတဲ့ အယူအဆနဲ့ အသုံးနှုန်းရှိပေမယ့်၊ Nymphomania ကို ရောဂါတစ်ခုအနေနဲ့ မမြင်ခဲ့ကြပါဘူး။
ခေတ်ပေါ်ရုပ်ရှင်/ စာပေထဲမှာလည်း လိင်စိတ်လွန်ကဲတဲ့သူတွေကို
"အနုပညာဆန်ဆန် မဖော်ပြဘဲ"၊ အထူးသဖြင့် အမျိုးသမီးတွေကို
"သီလပျက်သူ"
Sponsored Advertisement
ဝယ်ယူရန်ပုံကိုနှိပ်ပါ
"အပျက်မ" ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ပဲ မြင်တတ်ကြပါတယ်။
အနောက်တိုင်းဝေါဟာရ
"Nymphomania" ကို စိတ်ရောဂါလက္ခဏာ (သို့) လိင်မှုလွတ်လပ် ရှာ‌ဖွေသူတွေအဖြစ် သဘောထားပြီး လေ့လာမှု ပြုလုပ်ကြပါတယ်။
မြန်မာ့ယဉ်ကျေးမှုမှာက လိင်ကိစ္စဟာ တားမြစ်ခံရတဲ့ အကြောင်းအရာ ဖြစ်နေဆဲဖြစ်ပြီး၊ အမျိုးသမီးတွေရဲ့ လိင်စိတ်ကို အပြစ်မြင်လေ့ရှိပါတယ်။
"Nymphomaniac" ဆိုတဲ့ အယူအဆဟာ လူမှုရေး၊ စိတ်ပညာနဲ့ ယဉ်ကျေးမှုတွေအပေါ် မူတည်ပြီး အဓိပ္ပာယ်ကွဲပြားပါတယ်။
ဒီတော့ ကိုယ်တို့ မြန်မာပြည်မှာက အမျိုးသမီးတဦး လိင်စိတ်လွန်ကဲမှု ရှိနေပြီး ကာမဂုဏ်လိုက်စားတဲ့အပြုမူ ရှိနေခြင်းဆိုတာက
"အထန်ဇယားဖြစ်ရ‌ရောလား"၊
"ကြိုက်ကုန်း ဖြစ်ရရိုးလား"၊
"စိတ်ဝေဒနာရှင် ရောဂါသည်လား"၊
"လိင်လွတ်လပ်မှု လိုက်စားသူ အပျက်မ ဖြစ်ရ‌တော့မလား" ဆိုတဲ့ သတ်မှတ်ချက်ကို လူမှုပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုအရ ဆန်းစစ်ဖို့ လိုအပ်နေပေမယ့်လည်း၊ သူတို့ကို နားလည်ပေးနိုင်သူများ အင်မတန် နည်းပါးနေပါသေးတယ်။
Sponsored Advertisement
ဝယ်ယူရန်ပုံကိုနှိပ်ပါ
ဆေးပညာထဲကဆိုရင် - Nymphomania ဖြစ်ခြင်းဟာ မျိုးရိုးဗီဇ၊ ဦးနှောက်ဓာတုပစ္စည်းများ၊ ဟော်မုန်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ ပေါင်းစပ်မှုကြောင့် ဖြစ်နိုင်ပြီး -
- ဦးနှောက်နှင့် ဟော်မုန်းမညီမျှမှု ဇီဝဖြစ်စဉ်ကြောင့် (၇၀%) ပါဝင်တယ်။
- စွဲလမ်းမှုဆိုင်ရာ မျိုးရိုးဗီဇပြောင်းလဲမှုများနှင့် ပတ်ဝန်းကျင်က ရိုက်ခတ်တဲ့ စိတ်ဒဏ်ရာများ ကြောင့် (၃၀%) ပါဝင်ပါတယ်။
ဆိုကြပါတော့လေ Nymphomaniac ကို အချိန်မှီကုသမှုအတွက် လိုအပ်တယ်လို့ ယူဆထားပါက ဆေးဘက်ဆိုင်ရာ (ဥပမာ- SSRI စိတ်ကျဆေးများ) နှင့် စိတ်ပညာကုထုံးများ ပေါင်းစပ်အသုံးပြုပြီး ကုသဖို့ လိုအပ်ပါတယ်လို့ ဆရာဝန်တွေ ပြောကြပါတယ်။
မြန်မာ့ ရုပ်ရှင်ဇာတ်ကားထဲကဆိုရင် ခပ်ကဲကဲရှိလှပြီး ယောကျာ်းများစွာနဲ့ ပတ်သက်ခဲ့ရသူ၊ ပတ်ဝန်းကျင်ကပေးတဲ့ ဒဏ်ရာဒဏ်ချက်‌တွေနဲ့ ဘဝတခု စုတ်ပြတ်သွားတဲ့ ယောဂီရောင်ဝတ်စုံနဲ့ အမျိုးသမီးဇာတ်‌ဆောင်တဦး နောက်ဆုံးတော့ တရားရိပ် ဘုရားရိပ် ခိုလုံးရင် ‌ကြေးစည်ခေါင်းလောင်းတီးသံ တဒေါင်းဒေါင်းနဲ့ အဆုံးသတ်သွားတဲ့ ပြကွက်မျိုးကို မြင်ယောင်ကြည့်ပါ၊
ပြီးရင်တော့ နင်ဖိုးမနီးညက် တွေကို နားလည်ပေးကြပါ။
မိုးလင်းပြီး ချိုမြိန်စေလည်း အိပ်ရာဝင်တော့မယ်။
- ချိုမြိန်‌စေ
Discuss (0) All parts

Contact me for ads: @thespace_admin

Ads keep NUTSITE free for everyone.