Back to လိင်နှင့် လူ့သမိုင်းအစအဆုံး

Part 1 · 5 min read · 74 views

လိင်နှင့် လူ့သမိုင်းအစအဆုံး

by @cms_2026

726 words

လိင်နှင့် လူ့သမိုင်းအစအဆုံး
လူ့သမိုင်းကြောင်း အစအဆုံးကို အနှစ်ချုပ်သုံးသပ်ထားတဲ့
"Sapiens" စာအုပ်ကို ကိုယ့်ဆရာတို့ သိကျတယ်မလား။
ဆရာကြီး Yuval Noah Harari ရေးထားတာလေးပါ။
အဲဒီစာအုပ်ထဲက လူသားတို့၏ လိင်မှုကိစ္စဆိုင်ရာ အမြင်ကို အချုပ်ပြောရရင်
ဆရာကြီး Yuval Noah Harari က လိင်မှုကိစ္စကို လူမှုရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတည်ဆောက်ပုံရဲ့ အခြေခံအစိတ်အပိုင်းအဖြစ် သုံးသပ်ထားပါတယ်။
အဓိက အချက် (၄) ချက်နဲ့ ရှင်းပြထားတာလေးရှိတယ်။
၁။
လိင်မှူဆိုတာ သဘာဝအတိုင်းဖြစ်တယ်၊ ဒါပေမယ့် တိရစ္ဆာန်တွေလို လူတွေမှာလည်း လိင်စိတ်ရှိတယ်။
ဒါပေမယ့် လူတွေက ဒါကို စည်းကမ်း၊ ဓလေ့၊ ဘာသာရေးတွေနဲ့ ထိန်းချုပ်ထားတယ်။
Sponsored Advertisement
ဝယ်ယူရန်ပုံကိုနှိပ်ပါ
ဥပမာ - လူတွေက
"အိမ်ထောင်ကျမှ လိင်ဆက်ဆံရမယ်" ဆိုတဲ့စည်းမျဉ်း ဖန်တီးထားတယ်။
တိရစ္ဆာန်တွေမှာ ဒါမျိုးမရှိဘူး။
၂။
လူတွေ စုပြီးနေဖို့ လိင်ကို စည်းကမ်းချတယ်။
ရှေးတုန်းက လူတွေဟာ မိသားစုနဲ့ ရွာလိုမျိုးအုပ်စုကြီးတွေဖွဲ့ နေထိုင်လာတဲ့အခါ လိင်ကိစ္စကို စည်းမျဉ်းတွေနဲ့ ထိန်းဖို့လိုလာတယ်။
ဥပမာ - မုဒိမ်းမှုမလုပ်ရဘူး။
အတင်းအကြပ် လိင်ဆက်ဆံတာကို တားမြစ်တယ်။
မိသားစုတည်ငြိမ်အောင် အချင်းချင်းသစ္စာရှိရမယ်။
၃။
Sponsored Advertisement
ဝယ်ယူရန်ပုံကိုနှိပ်ပါ
စိုက်ပျိုးရေးတော်လှန်ရေး (Agricultural Revolution) ခေတ်ရောက်လာတော့ လိင်မှုကိစ္စ အထိန်းအကွပ် ပိုမိုလုပ်လာတယ်၊ အဲဒီခေတ် အခါမှာ လူတွေက မြေ၊ ပစ္စည်းအုစ္စာတွေ ပိုင်ဆိုင်လာတဲ့အခါ၊ ဒီဥစ္စာတွေကို သားသမီးဆီ အမွေဆက်ခံဖို့၊ လိင်ကိစ္စကို ပိုပြီးတင်းကြပ်စွာ ထိန်းချုပ်လာတယ်။
ဥပမာ - သားမြေးမြစ်တွေက ငါ့သွေးသားစစ်မှ ငါ့ဥစ္စာကို ဆက်ခံခွင့်ရှိရမယ်" ဆိုပြီး တလင်တမယားစနစ် အိမ်ထောင်တစ်ခုတည်းကိုသာ အသိအမှတ်ပြုလာတယ်။
၄။
လိင်နဲ့ ကျားမရေးရာ အာဏာချိတ်ဆက်မှုရှိတယ်။
သမိုင်းတလျှောက်မှာ အမျိုးသားတွေက အမျိုးသမီးတွေရဲ့
"လိင်ကိုယ်ခန္ဓာ" ကို ထိန်းချုပ်ချင်ခဲ့တယ်။
ဥပမာ - အချို့ဘာသာတွေမှာ ယောကျာ်းတွေကပဲ မိန်းမတွေကို အုပ်ချုပ်ရမယ် ဆိုတဲ့ အယူအဆရှိတယ်။
ရှေးခေတ်မှာမိန်းကလေးတွေကို ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုခိုင်းတာတွေရှိတယ်။
ဒါမျိုးတွေဟာ မဟာအမျိုးသားဝါဒရဲ့ အာဏာတင်စီးလိုခြင်းကြောင့် ဖြစ်တယ်။
ဆရာတို့ကို အနှစ်ချုပ် ပြောပြရရင် -
Sponsored Advertisement
ဝယ်ယူရန်ပုံကိုနှိပ်ပါ
- လိင်မှုဆိုတာ သဘာဝပါ၊ ဒါပေမယ့် လူတွေက ဒါကို စည်းကမ်း၊ ဓလေ့၊ ဥပဒေ တွေနဲ့ ထိန်းကွပ်ထားတယ်။
- လူမှုအဖွဲ့အစည်းကြီးအတွက် (မိသားစု၊ ပစ္စည်းဥစ္စာ၊ အာဏာ) စတာတွေက လိင်မှုကိစ္စကို စနစ်တကျ ဖွဲ့စည်းထားတယ်။
- လူတွေဟာ လိင်ကိစ္စကို တိရစ္ဆာန်တွေလို သဘောအရှိတိုင်း ကူးလူးဆက်ဆံခြင်း မလုပ်ဘဲ၊ ကိုယ်ပိုင်စည်းမျဉ်းတွေ ဖန်တီးထားတယ်။
- ဒါပါပဲ 😊
ကိုယ်တို့မှာတော့ သိက္ခါတွေ ဘာတွေ တွေးတောပြီး ရှက်ရမှာတို့၊ ကြောက်ရမှာတို့ ဖြစ်ကုန်တော့လည်း Telegram မှာ ပုံအောပြီး အကုန်သွန်ထုတ် လိုက်တော့တာပေါ့။
အာ့ကြောင့်ပဲ ဒီလိင်မှု Dark Side ထဲမှာ ခဏတာလေး Stress လာလျှော့တာပါ ဆရာတို့ရေ။
- ချိုမြိန်စေ
Discuss (0) All parts

Contact me for ads: @thespace_admin

Ads keep NUTSITE free for everyone.